-
-
Notifications
You must be signed in to change notification settings - Fork 2
Commit
This commit does not belong to any branch on this repository, and may belong to a fork outside of the repository.
- Loading branch information
1 parent
43661ef
commit b35ae86
Showing
1 changed file
with
28 additions
and
0 deletions.
There are no files selected for viewing
This file contains bidirectional Unicode text that may be interpreted or compiled differently than what appears below. To review, open the file in an editor that reveals hidden Unicode characters.
Learn more about bidirectional Unicode characters
Original file line number | Diff line number | Diff line change |
---|---|---|
@@ -0,0 +1,28 @@ | ||
--- | ||
layout: post | ||
title: " ⛑️ အရေးပေါ် ကိစ္စရပ်များအတွက် စုဆောင်းမှု လစဥ် ပုံမှန်ပြုလုပ်ပါ။" | ||
tag: ["လူငယ်မှသည် လူချမ်းသာဆီသို့"] | ||
--- | ||
|
||
အနာဂတ်အတွက် စုဆောင်းမှု၏ တန်ဖိုးရှိမှုအကြောင်း ပြောပြထားပြီး ဖြစ်သည်။ သို့သော် သင့်တွင် “အရေးပေါ်ကိစ္စရပ်များ” အတွက် ငွေစုစာရင်းရှိဖို့ လိုအပ်ပါသည်။ ယင်းက ဘာကို ဆိုလိုပါသလဲ။ လက်တွေ့ဘဝတွင် မထင်မှတ်သည့် ဖြစ်ရပ်များသေချာပေါက် ရှိနေတတ်သည်။ ကားပျက်ခြင်း၊ အမိုးယိုခြင်း၊ ရေပိုက်ပျက်ခြင်း၊ ကလေးက လက်ကျိုးခြင်း တို့မှာ သာဓကများ ဖြစ်သည်။ ယင်းဖြစ်ရပ်များ ဖြစ်လေ့ဖြစ်ထရှိတတ်သော်လည်း ဖြစ်သည့်အချိန်၊ အတိမ်အနက်တို့မှာ ကွာခြားတတ်သည်။ ရှည်ကြာသည့် ကာလတိုင်းအတာတစ်ခုတွင် အိမ်ထောင်စု အားလုံးတို့က ယင်းကဲ့သို့ ကိစ္စရပ်များအတွက် ကြီးမားသည့် ကုန်ကျစရိတ်များ ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြပေလိမ့်မည်။ ထို့ကြောင့် ယင်းအရေးပေါ်ကိစ္စရပ်များအတွက် ပြင်ပြင်ဆင်ဆင် ရှိသင့်ပေသည်။ အရေးအကြောင်းအတွက် ငွေစုစာရင်းသည် ယင်းကိစ္စများအတွက် ဖြစ်သည်။ ယင်းငွေစုစာရင်းက သင်မမျှော်လင့်သည့် ကုန်ကျမှုများကို စိတ်ပူပန်မှုမရှိစေဘဲ ငွေရေးကြေးရေး ပြဿနာတစ်ရပ် မကြုံရစေဘဲ ကူညီဖြေရှင်းပေးလိမ့်မည် ဖြစ်သည်။ | ||
|
||
<!-- more --> | ||
<br/> | ||
<iframe src="https://podcasters.spotify.com/pod/show/alexsnowschool/embed/episodes/ep-e2ogee6/a-abhhrcg" width="100%" frameborder="0" scrolling="no"></iframe> | ||
|
||
အခြားနည်းလမ်းတစ်ခုမှာ မထင်မှတ်သည်များ ဖြစ်လာချိန်အထိ စောင့်နေရန်ဖြစ်ပြီး ထို့နောက် ယင်းတို့ကို ဖြေရှင်းမည့် အစီအစဥ်တစ်ခုကို ကြံဆခြင်း ဖြစ်သည်။ ထိုအခါတွင် ယေဘုယျအားဖြင့် အကြွေးဝယ်ကဒ်များဖြင့်သာ ဖြေရှင်းရတော့သည်။ သို့မဟုတ် ခါးသီးစရာကောင်းသည့် အတိုးနှုန်းများဖြင့် ချေးယူသည့်နည်းများဖြင့် ဖြေရှင်းရတော့သည်။ ထို့နောက် အတိုးပေးရန်နှင့် နောက်ဆုံးတွင် ချေးငွေအား ပြန်ဆပ်နိုင်မည့် နည်းလမ်းများကို ရှာကြံရတော့မည် ဖြစ်သည်။ ဤသို့ဖြင့် ငွေရေးကြေးရေး ပူပန်သောက ရောက်စေပြီး ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချရာတွင် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ဖြစ်မလာတော့ပေ။ | ||
|
||
အဆိုပါ အရေးပေါ်ကိစ္စရပ်များအား ဖြေရှင်းနိုင်ရန်အတွက် မိမိတို့အနေဖြင့် မည်မျှ ပုံမှန်စုဆောင်း သင့်ပါသလဲ။ ချဥ်းကပ်ပုံ တစ်မျိုးမှာ ယခင်နှစ်တွင် ရုတ်တရက် ပေါ်ပေါက်ခဲ့သော အရေးတကြီး ကိစ္စရပ်အမျိုးမျိုးတို့အတွက် မည်မျှသုံးစွဲခဲ့ရသည်ကို တွက်ချက်၍ ယင်းကုန်ကျမှုအား ၁၂ ဖြင့် စားပြီး ရလာသည့် ငွေပမာဏကို မိမိ၏ အရေးပေါ် ငွေစုစာရင်းအတွင်းသို့ လစဥ်ပုံမှန် ပေးသွင်းရန် ဖြစ်သည်။ လိုရမယ်ရအနေဖြင့် အနာဂတ်တွင် အရေးပေါ်သုံးစွဲမှု မြင့်တက်လာပါက ဖြေရှင်းနိုင်ရန်အတွက် ငွေစုစာရင်းသို့ အနည်းငယ်ထပ်ဆောင်းသွင်းလျှင် ပိုကောင်းပေလိမ့်မည်။ စာရင်းသို့အပ်ငွေပိုသွားလျှင်လည်း အခြားကိစ္စရပ်များတွင် ယင်းငွေကို သုံးစွဲနိုင်ပေလိမ့်မည်။ သို့မဟုတ် အငြိမ်းစားစုငွေအစီအစဥ်သို့ ခွဲထည့်နိုင်ပါသည်။ အဓိက ပြောလိုသည်မှာ မိမိ၏ အရေးပေါ်စုဆောင်းငွေစာရင်းသို့ လစဥ်ပုံမှန် ထည့်သွင်းသင့်ပြီး၊ ထည့်ချင်သည့် အခါထည့်လိုက် ပုံစံမျိုး မလုပ်သင့်ပေ။ ထို့ကြောင့် ၎င်းတို့အား မိမိ၏ အိမ်ပိုင်ဆိုင်လာရန်အတွက် လစဥ်ငွေပေးချေသကဲ့သို့၊ မီတာခဆောင်သကဲ့သို့၊ အခြားသော ပုံမှန်အသုံးစရိတ်များကဲ့သို့ သဘောထားသင့်ပါသည်။ | ||
|
||
အရေးပေါ် ငွေစုစာရင်းသည် မိမိဘဝတွင် အခိုက်အတန့် ငွေကြေးပူပန်ကြောင့်ကြမှုများ မဖြစ်ပေါ်လာစေရန်၊ စတ်ချမ်းသာမှု အနည်းငယ် ပေးနိုင်သည့် သဘောရှိသည်။ ယင်းငွေစုစာရင်းထားရှိခြင်းကြောင့် မမှန်းဆနိုင်သော တစ်ချိန်ချိန်တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုသည့် အသုံးစရိတ်များအား စိတ်အေးအေးဖြင့် ဖြေရှင်းနိုင်လိမ့်မည်။ အရေးပေါ်အသုံးစရိတ်များသည် ပုံမှန် ကျန်ကျသည်ထက် လျော့နည်းသည့် ကာလများတွင် မိမိ၏ အရေးပေါ်ငွေစုစာရင်းရှိ လက်ကျန်မှာ တိုးများနေမည် ဖြစ်သည်။ ကုန်ကျစရိတ်အလွန်ကြီးမားသည့် မထင်မှတ်သည့် ရုတ်တရက် ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါတွင်လည်း မိမိငွေစုစာရင်းတွင် ငွေပိုငွေလျှံရှိသည့်အတွက် စိုးရိမ်းကြောင့်ကြစရာ မရှိပေ။ ထို့အခါ “ငွေက မိမိအား မထိန်းချုပ်နိုင်” တော့ဘဲ “မိမိကကာ ငွေကို စီမံကွပ်ကဲသွားနိုင်” ပြီး ဖြစ်သည်။ | ||
|
||
### မြန်မာ စကားပုံ | ||
|
||
"ကိုယ့်ပေါင် ကိုယ်လှန်ထောင်။" <br/> | ||
– To pound on one’s own thighs. | ||
|
||
### မှတ်ချက်။ | ||
|
||
- Trans-Myanmar International, ATLAS Network, Friedrich Neumann Stiftung Für Die Freiheit မှ တင်ဆက်သော သိလွယ်မြင်လွယ် ဘောဂဗေဒ မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။ | ||
- [PDF ဖြင့် ဖတ်ချင်သူများအတွက် ဒေါင်ရန်](https://drive.google.com/file/d/1i0MTJqZFLHEFZqMiV_GeFWK83VdRomZt/view?usp=sharing){:target="_blank"} | ||
|